မတ်လ ၁၃ရက်နေ့မှာ ထိုင်းမင်းသား Boy Pakornက ဝက်ရုပ်လေးနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံကို “ ငါ ချစ်ဖို့မကောင်းရင်တောင် မင်းကို ချစ်ပါတယ်။ Photo by Khun Wan Mai” ဆိုတဲ့ စာသားလေးနဲ့ တင်ခဲ့ပါတယ်။

ပို့စ်မှာ Boy Pakornက ကောင်မလေးတစ်ယောက်ကို tagထားတာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီကောင်မလေးက Girl P.Praihirunဖြစ်ပြီး သူနဲ့အတူတူ ဖျော်ဖြေပွဲသွားရောက်ခဲ့တဲ့ မိန်းကလေးဖြစ်ပါတယ်။ သူဟာ အဲဒီကောင်မလေးနဲ့ နှစ်ယောက်တည်း ဖျော်ဖြေပွဲကို အတူတူ သွားကြည့်ခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေက သူတို့ကို ချစ်သူတွေလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ကတော့ မောင်နှမတွေလိုပါပဲလို့ ထုတ်ပြောပြခဲ့ပါတယ်။

Girl P.Praihairnက တီဗီပရိုဆာတစ်ယောက်ရဲ့ သမီးဖြစ်ပါတယ်။