ဘောလိဝုဒ်နာမည်ကြီးမင်းသား အမီရာခမ်းဟာ အမေရိကန်ဇာတ်ကား “Forrest Gump”ကို ပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားမှာ ပါဝင်မယ်လို့ မတ်လ (၁၄) ရက်နေ့က ကြေညာခဲ့ပါတယ်။

အမီရာခမ်းဟာ ၁၉၉၄ခုနှစ်က တွမ်ဟန့်ခ်စ်ရဲ့ ဇာတ်ကောင်ကို အခြေခံပြီး Laal Singh Chaddha ဆိုတဲ့ဇာတ်ရုပ်နေရာမှာ ပါဝင်မယ်လို့ သိရပါတယ်။

“Forrest Gumpရဲ့ဇာတ်ညွှန်းကို ကျွန်တော် အမြဲတမ်း ကြိုက်နှစ်သက်ခဲ့တာပါ။ ဒါက ဘဝအကြောင်း အသားပေးရိုက်ထားတဲ့ဇာတ်လမ်းတစ်ခုပါ။ မိသားစုတစ်စုလုံးကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ခုပါပဲ” လို့ သူရဲ့ (၅၄) နှစ်ပြည့်မွေးနေ့မှာ အမီရာခမ်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နာမည်ကြီး အမေရိကန်ရုပ်ရှင်ကား “Forrest Gump”ဟာ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးမင်းသားဆုတွေအပါအဝင် အော်စကာ (၆)ဆု ရရှိခဲ့ပါတယ်။

အဲဒီဇာတ်ကားကို ပြန်လည်ရိုက်ကူးမဲ့ ဘောလိဝုဒ်ဇာတ်ကားအတွက် ပိန်ပိန်ပါးပါးဇာတ်ရုပ်နဲ့လိုက်ဖက်မှုရှိအောင် အမီရာခမ်းက ကိုယ်အလေးချိန် (၂၀) ကီလိုဂရမ် ချမယ်လို့ သိရပါတယ်။

ဒီဘောလိဝုဒ်ဇာတ်ကားအသစ်ကို ၂၀၁၉ခုနှစ် အောက်တိုဘာလမှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။