အသက် ၂၈ အရွယ်ရှိနေပြီဖြစ်တဲ့ Iggy Azalea ဟာ အဟော့ဆုံးသီချင်းတစ်ပုဒ်နဲ့ပရိတ်သတ်တွေရှေ့ပြန်လာခဲ့ပါပြီ။ မတ်လ ၁၅ ရက်နေ့မှာ သူမရဲ့ “Sally Walker” သီချင်းအကြမ်းကြီးတစ်ပုဒ် ပရိတ်သတ်တွေ ရှေ့မောက်ရောက်ခဲ့ပါတယ်။

ဒီသီချင်းဗီဒီယိုထဲမှာတော့ Iggy ကို ဆွဲဆောင်မှုရှိတဲ့ခပ်မှိုင်းမှိုင်း မိတ်ကပ်အပြင်အဆင်နဲ့တွေ့ရမှာဖြစ်ပါတယ်။ သူမဘယ်လိုတွေလန်းပြထားလဲဆိုတာတော့ သီချင်းလေးကိုကြည့်လိုက်တာပိုပြည့်စုံမယ်ထင်ပါတယ်။ ယခုထွက်ရှိထားတဲ့ “Sally Walker” သီချင်းဟာ Iggy ရဲ့ “My Defense” ဆိုတဲ့အယ်ဘမ်အသစ်ထဲက ပထမဆုံးထွက်ရှိလာတဲ့သီချင်းအသစ်ဖြစ်ပြီး ထွက်ရှိပြီးမကြာခင်မှာပဲ အရမ်းအောင်မြင်တဲ့သီချင်းတစ်ပုဒ်လို့ပြောနိုင်ပါတယ်။