ဧပြီလ ၁၅ ရက်နေ့တောင်ကိုရီးယားသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ Blackpink အဖွဲ့ဝင် Lisa ဟာ Kill This Love သီချင်းထွက်ရှိပြီးနောက် အင်စတာဂရမ်မှာ followers ပိုတိုးလာခဲ့ကြောင်းသိရပါတယ်။ Lisa ရဲ့အင်စတာဂရမ်မှာတော့ အခုအချိန်မှာ followers ပေါင်း ၁၇.၄ သန်းရှိနေပြီဖြစ်ပါတယ်။

ကေပေါ့အနုပညာလောကရဲ့ followers အများဆုံးအနုပညာရှင် ၁၀ ဦးစာရင်းမှာထိပ်ဆုံးကရပ်တည်နေသူဖြစ်တယ်လို့ဆိုရင်လဲမမှားတော့ပါဘူး။ ပြီးခဲ့တဲ့မတ်လတုန်းကလဲ အင်စတာဂရမ်မှာ Lisa တစ်ယောက် followers တွေများလာခဲ့တယ်လို့သတင်းမီဒီယာတွေကဖော်ပြခဲ့ပါသေးတယ်။ အခုတစ်ကြိမ်မှာတော့ စီနီယာဖြစ်သူ ကေပေါ့ ဘုရင်ကြီး G-Dragon ကိုတောင်ကျော်တက်ပြီး followers များလာခဲ့တာဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် Lisa