ဟစ်ဖြစ်နေတဲ့ ထိုင်းဒရမ်မာ “Tong Neu Gao”မှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ထိုင်းမင်းသားချောလေး Yorch Yongsinက ဟိုအရင်နှစ်တွေတုန်းက SM auitionပွဲကို တက်ရောက်ခဲ့ပါတယ်။

Daradailyနဲ့ အင်တာဗျူးလုပ်ရင်းနဲ့ Yorch Yongsinက ကေပေါ့စ်အေဂျင်စီ (၃)ခုက သူတို့အေဂျင်စီမှာ traineeတစ်ယောက်လုပ်ဖို့ သူ့ကို ဆက်သွယ်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ဖို့ မလုပ်ဖို့ဆိုတာတော့ မသေချာသေးပါဘူးလို့ သိရပါတယ်။

သူ debutလုပ်ကတည်းက အခုထိ သူ့ကို အားပေးလာခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ သူက Alek Teeradetchနဲ့ Ja Jittapaတို့နဲ့ “Wai Sab Saraek Kad 2”အမည်ရတဲ့ ဒရမ်မာအသစ်မှာ ပါဝင်နေပါတယ်။ ဒါ့အပြင် Nadech Kugimiya နဲ့ Matt Peraneeတို့ပါဝင်ထားတဲ့ “My Love From The Star – Thai Version”ဒရမ်မာမှာ အထူးဧည်သည့်အဖြစ်လည်း ပါဝင်ထားပါတယ်။