ထိုင်းအနုပညာရှင်အများစုက ဒရမ်မာဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးကြတာများပါတယ်။ ထိုင်းရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်စွမ်းရည်ကို ပြထားတဲ့ မင်းသားတွေရှိပါတယ်။ သူတို့ဟာ ရုပ်ရှင်ကား (၁၀) ကျော် ရိုက်ကူးဖူးပြီး ပရိသတ်တွေဆီကနေ ကောင်းတဲ့တုံ့ပြန်ချက်တွေ ရခဲ့ပါတယ်။

Ananda Everingham

ဒီမင်းသားက အနုပညာလောကထဲ စရောက်ကတည်းက ယနေ့အချိန်ထိ ရုပ်ရှင်ကား (၃၁) ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Shutter ဇာတ်ကားက သူ့ရဲ့နာမည်အကြီးဆုံးဇာတ်ကားဖြစ်ပါတယ်။

Mario Maurer

Marioက ၂၀၀၇ခုနှစ်ရဲ့ "Love of Siam" ဆိုတဲ့ ရုပ်ရှင်ကားနဲ့ လူသိများလာခဲ့ပါတယ်။ အခုဆိုရင် သူဟာ ရုပ်ရှင်ကား (၂၀) ရိုက်ကူးပြီးသွားပါပြီ။ လက်ရှိမှာ သူက ထိုင်းရုပ်ရှင်ကား (၂) ကား ရိုက်ကူးနေပါတယ်။

Shahkrit Yamnam

မင်းသား Shahkritကိုတော့ မြန်မာပရိသတ်တွေ သိချင်မှ သိမှာပါ။ သူက ရုပ်ရှင်ကား (၂၀) မှာ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသခဲ့ပါတယ်။

Ter Chantavit

Ter Chantavit ကိုတော့ မြန်ပရိသတ်တွေတော်တော်များများသိကြပါတယ်။ သူက Mai Davika ရဲ့ ချစ်သူဆိုလည်း မမှားပါဘူး။ သူက မင်းသားတစ်ယောက်ဖြစ်တဲ့အပြင် ဇာတ်ညွှန်းရေးဆရာလည်း ဖြစ်ပါတယ်။ သူကတော့ ရုပ်ရှင်ကား (၁၄) ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Kao Jirayu

ဒီမင်းသားငယ်လေးကိုလည်း ပရိသတ်တွေ သိချင်မှ သိကြမှာပါ။ သူကလည်း ရုပ်ရှင်ကား (၁၂) ကားမှာ ပါဝင်ခဲ့ဖူးပါတယ်။

Sunny Suwanmethanont

Sunny ကိုတော့ ပရိသတ်တွေ သေချာပေါက် သိကြမှာပါ။ သူပါဝင်ခဲ့တဲ့ ရုပ်ရှင်ကားတိုင်းက ဟာသနှောတဲ့အတွက် ပရိသတ်တွေ နှစ်ခြိုက်ခဲ့ကြပါတယ်။ သူက ရုပ်ရှင်ကား (၁၁) ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီထဲက ဇာတ်ကားအများစုက ပရိသတ်တွေဆီကနေ ကောင်းတဲ့တုံ့ပြန်ချက်တွေ ရရှိခဲ့ပါတယ်။ သူ့ရဲ့နာမည်အကြီးဆုံးဇာတ်ကားတွေက 'I Fine Thank You, Love’, ‘Heart Attack’, ‘Brother of The Year’တို့ပဲဖြစ်ပါတယ်။