Baekhyunက သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ကို အမိုက်စားရောင်းအားနဲ့ မှတ်တမ်းတင်လိုက်ပါပြီ။

ဇူလိုင်လ ၁၀ ရက်နေ့မှာ Baekhyunက UN Village MV နဲ့အတူ City Lights ဆိုတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခဲ့ပါတယ်။ Baekhyun တစ်ကိုယ်တော်အနေနဲ့ debut လုပ်တာက ကမ္ဘာတစ်ဝှမ်းက EXO-Lတွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဒါကို ထွက်ရှိခဲ့တဲ့ ပထမနေ့မှာ သူ့ရဲ့အမိုက်စားရောင်းအားကနေ မြင်တွေ့နိုင်ပါတယ်။ Hanteo Chart အရ Baekhyunက ထွက်ရှိပြီး ၂၄ နာရီမပြည့်ခင်မှာပဲ သူ့ရဲ့ တစ်ကိုယ်တော်အခွေ ၂၈၇၀၀၀ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

ပမာဏဘယ်လောက်များလဲဆိုတာ ပြောစရာတောင်မလိုလောက်ပါဘူး။ EXOအဖွဲ့ဝင် Layရဲ့ Lose Control အခွေကလည်း ပထမအပတ်မှာ အခွေ ၁၂၅၀၀၀ သာ ရောင်းချနိုင်ခဲ့ပါတယ်။ Lay ထက် Baekhyun ရောင်းအားပိုများနေပါတယ်။ တစ်ကိုယ်တော်အဆိုတော်တွေမှာဆိုရင် Baekhyunက ထွက်ရှိပြီး တစ်ရက်အတွင်းမှာ ရောင်းအားအများဆုံးသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ အရေအတွက်အတိအကျကို တွက်ချက်သွားဦးမှာဖြစ်ပါတယ်။

ဂုဏ်ယူပါတယ် Baekhyunရေ..။