Park Shin Hye နဲ့ Yoo Ah In တို့က ရုပ်ရှင်ကားသစ် 'Alone'မှာ အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်မယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်က Yubin နဲ့ Jun Wooအဖြစ် သရုပ်ဆောင်ရမှာပါ။ ရောဂါပိုးကူးစက်ခံနေရတဲ့မြို့တော်မှာ လုံးဝကိုအထီးကျန်ဆန်နေတဲ့ အသက်ရှင်နေသူနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ပြင်းထန်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။

အင်တာနက်အသုံးပြုသူတွေကတော့ သရုပ်ဆောင်ကောင်းပြီးနာမည်ကြီးတဲ့သူနှစ်ယောက်အတူတူ ပါဝင်မယ်ဆိုတာသိရကတည်းက မျှော်လင့်ချက်ကြီးကြီးထားခဲ့ပါတယ်။ ဒီရုပ်ရှင်က သေချာပေါက်ကောင်းမှာပါ။

ရုပ်ရှင်ကားကို Jo II Hyeong ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၉ခုနှစ် ဒုတိယနှစ်ဝက်မှာ ရုံတင်ပြသသွားဖို့ အစီအစဉ်ဆွဲထားပါတယ်။