ရေချိုးရတာလွယ်တယ် လို့ ထင်ရပေမယ့် ကျွန်တော်တို့ သေချာပေါက် လုပ်မိနေတဲ့ အမှားတချို့ ရှိနိုင်ပါတယ်။ ဘယ်လိုအမှားမျိုွးေတလုပ်မိနေလဲဆိုတာကို အောက်မှာ ကြည့်လိုက်ကြနော်…။

ရေပူနဲ့ အကြာကြီးရေချိုးတာ

တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့နောက် ရေပူနဲ့ ရေချိုးတာက လူကိုလန်းဆန်းစေပေမယ့် ကျွန်တော်တို့ရဲ့ဆံပင်နဲ့ အရေပြားရဲ့သဘာဝအဆီအနှစ်နဲ့ ရေဓာတ်တွေကို လျော့နည်းသွားစေနိုင်ပါတယ်။

အဆက်မပြတ် ဦးရေပြားကို scrubလုပ်

သင့်လက်ချောင်ွးေတွကို အသုံးပြုပြီး ဦးရေပြားကို ပွတ်တိုက်မယ်ဆိုရင် ဆံပင်နှစ်ခွဖြစ်စေနိုင်သလို ဆံပင်တွေကို ပျက်စီးစေနိုင်ပါတယ်။

ဆပ်ပြာကောင်းကောင်းကို အသုံးမပြုတာ

သင့်အသားရေကို ခြောက်သွေ့စေမယ့် ကိုယ်တိုက် ဆပ်ပြာတွေကို အသုံးမပြုပါနဲ့။ ဆပ်ပြာအရမ်းသုံးတာကလည်း အသားရေကို ခြောက်သွေ့စေပြီး အသားရေမညီညာပဲ အကွက်ကွက်တွေဖြစ်စေပါတယ်။

Moisturize လုပ်ဖို့ နှောင့်နှေးတာ

ရေချိုးပြီးနောက်မှာ moisturizer ကို အသုံးပြုပေးပါ။ အသားရေ ရေစိုနေစဉ်မှာ အသုံးပြုပေးမယ်ဆိုရင် အချိန်အကြာကြီး ရေဓာတ်ထိန်းပေးမှာဖြစ်ပါတယ်။

သေချာ ရေမလောင်းတာ၊ရေမချိုးတာ

ရေချိုးနေစဉ်မှာ ဆပ်ပြာတွေ နဲ့ ခေါင်းလျှော်ရည်ွေတွ ကောင်းကောင်းသန့်စင်သွားဖို့ အရေးကြီးပါတယ်။ ပြောင်အောင် မသန့်စင်ဘူးဆိုရင် အသားရေနီမြန်းတာ၊ ချွေးပေါက်ပိတ်တာ၊ ဝက်ခြံပေါက်တာတွေ ဖြစ်နိုင်ပါတယ်။